Skip to main content

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ်မော်တော် ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

နေပြည်တော် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ်မော်တော်ယဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပုသိမ်ကြီးမြိုနယ်၊ ကြာနီကန်ကျေးရွာနေ ယာဉ်မောင်း ဦးတင်သောင်း မောင်းနှင်သည့် စီနိုထရပ်အမျိုးအစား အဖြူရောင်မြေသယ်ယာဉ်သည် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကင်းရွာမှ ပြင်ဦးလွင်မြို့သို့သွားရောက်ရန် ထွက်ခွာလာစဉ် တောင်ကန်ကျေးရွာအနီးသို့အရောက် PDF အမည်ခံအကြမ်းဖက် သမားများက လမ်း၏ ဝဲ/ယာ တောင်ဘက် ၂ ပေခန့် အကွာမှမိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ဦးတင်သောင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ၍နယ်မြေလုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းဖြစ်သူအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသမှု ခံယူစေခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ ရဟန်းသံဃာများ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိသကဲ့သို့ အရပ်ဘက် မော်တော်ယာဉ်များကိုလည်း အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။