Skip to main content

ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရွှေကူမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စီသော်ကျေးရွာအနီးသို့ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်နှင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာလမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်‌ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။