Skip to main content

ရေစကြိုမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှဆရာတော် ဥူးအာစာရ(၄၂)နှစ်၊ ဝါတော် ၂၃ ဝါ အား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

နေပြည်တော် နိုဝင်ဘာ ၁၁

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ် လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီး ကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၈ နာရီ ခွဲက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် စည်သာကျေးရွာ ရေစကြို - ပခုက္ကူ ကားလမ်း၏ အနောက်ဘက်ရှိ မေတ္တာရှင်လူမှု ကူညီရေးအသင်းရုံးသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး အဆိုပါရုံးတွင် မေတ္တာရှင်လူမှု ကူညီရေးအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ သီတင်းသုံး နေထိုင်လျက်ရှိသည့် မန္တလေး တိုင်းဒေသကြီး မြင်းခြံမြို့ရှိ ဇေယျသိမ်ကျောင်းတိုက်မှ ဆရာတော်ဥူးအာစာရ(၄၂)နှစ်၊ ဝါတော် ၂၃ ဝါ (ဘ)ဦးလှဝင်းအား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဥူးအာစာရတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် သမားများ၏ အကြောင်းမဲ့ အကြမ်းဖက်သတ် ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၉ ပါးနှင့် သီလရှင် ဆရာကြီးတစ်ပါးတို့ ဘဝနတ်ထံပျံ လွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ ဆရာတော် ဥူးအာစာရအား သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်သွားခဲ့သူ အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်