နေပြည်တော် နိုဝင်ဘာ ၁၁
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်၍ လုပ်ငန်းကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့်ညစာစားပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက် ရယူရမည့်အချက်များ၊ လုပ်ငန်းကော်မတီအတွင်း ညှိနှိုင်းဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များကို အစည်းအဝေးသို့ တက်ရောက် လာကြသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ စိန်ရတုလွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။
သတင်းစဉ်