လားရှိုး နိုဝင်ဘာ ၁၀
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ မဲရုံများလျာထား ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်များ စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး၊ ဦးမြင့်ဦးနှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်မှူး၊ ခရိုင်/မြို့နယ် ဦးစီးအရာရှိများ၊ ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကြီးကြပ်မှုအောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်များ၏ အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး အောက်တိုဘာလအထိတင်ပြရာ-
(၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စိစစ်ချက်အရ
(က) သေဆုံး၊ ပြောင်းထွက် (၂)ကြိမ်ထပ်၊ (၃)ကြိမ်ထပ်တို့မှ လျော့သည့်လူဦးရေ (၁၅၈၄၂)ဦး
( ခ ) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ကျန်စာရင်းမှ ပြန်လည်ထည့်သွင်းသည့် ထပ်တိုးလူဦးရေ (၂၂၈၁၃)ဦး
( ဂ ) အောက်တိုဘာလအတွင်း မြေပြင်လူဦးရေ (၁၉၄၄၀၄၆)ဦး
(၂) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ် ချက်အရ
(က) မြေပြင်ထပ်တိုး
-ပုံစံ(၆၆/၆)ရှိသူ -(၅၈၁၄)ဦး
-ပုံစံ(၆၆/၆) -(၄၈၄၄)ဦး
အခြားနှင့်(၆၆/၆) မရှိသူ
စုစုပေါင်းမြေပြင်ထပ်တိုး -(၁၀၆၅၈)ဦး
( ခ ) မြေပြင်တွင်လျော့သည့်ဦးရေ
-ပုံစံ(၆၆/၆)ရှိသူ -(၁၄၀၂၂)ဦး
-ပုံစံ(၆၆/၆) -(၃၀၂၇)ဦး
အခြားနှင့် (၆၆/၆) မရှိသူ
စုစုပေါင်းမြေပြင်ထပ်တိုး -(၁၇၀၄၉)ဦး
မဲရုံတည်နေရာနှင့် မဲရုံလျာထားမှု ၁၃၆၂ ရုံ လျာထားသတ်မှတ်ထားကြောင်းနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်
ထို့နောက် တပ်နယ်တာဝန်ခံများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက သက်ဆိုင်ရာ မြို့နယ်များအလိုက် မဲဆန္ဒရှင် အင်အားစာရင်း၊ လျာထားမဲရုံနှင့် မဲရုံသုံးပစ္စည်း လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲရုံများလျာထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးဥက္ကဋ္ဌများ၊ သက်ဆိုင်ရာခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် အသေးစိတ်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်