နေပြည်တော် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့အနီး ရန်ကုန်မြစ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်ကမ်းအနီး၌ ယနေ့ နေ့လယ် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဟိုင်း- ၆ အမည်ရှိ တွန်းသင်္ဘောတစ်စီး မီးလောင်နေကြောင်းသတင်းအရ တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲရေယာဉ် ၃ စီးသည် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါမီးလောင်ရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။