Skip to main content

Seoul food Week 2022 နှင့် စားသောက်ကုန်ကဏ္ဍ လေ့လာရေးခရီးစဉ်သို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၃၁

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် Seoul Food Week 2022 နှင့် စားသောက်ကုန်ကဏ္ဍ လေ့လာရေးခရီးစဉ်သို့ တက်ရောက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်၍ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များပါဝင်သော အဖွဲ့ဝင် ၁၂ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၃၀ ရက်က ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နည်းပညာရရှိရေး ဆောင်ရွက်မည်

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ Jeonju မြို့သို့ သွားရောက်၍ ကိုရီးယားစားသောက်ကုန်သုတေသနဌာန Korea Food Research Insti-tute (KFRI) တွင် စားသောက်ကုန် ထုတ်လုပ်ခြင်းဆိုင်ရာနည်းပညာများ ဆွေးနွေးဖလှယ်ကြမည်ဖြစ်ပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများသို့လည်း လေ့လာရေးသွားရောက်ကြမည်ဖြစ်သည်။

ဈေးကွက်ရရှိရေး ဆောင်ရွက်မည်

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ COEX Convention & Exhi-bition Center ၌ ကျင်းပမည့် Seoul Food Week 2022 တွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်း၌ ကိုရီးယားဈေးကွက်တွင် အလားအလာရှိသော မြန်မာ့စားသောက်ကုန်များကို ဈေးကွက်သစ်များ တိုးချဲ့နိုင်ရန်အတွက် ပါဝင်ပြသသွားမည်ဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်