Skip to main content

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၂) ဆဋ္ဌမအကြိမ် အောင်မြင်စွာကျင်းပပြီးစီး

ပြင်ဦးလွင် အောက်တိုဘာ ၂၈

အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၂) “Conference on Science and Technology Development – 2022” ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြင်ဦးလွင် တပ်နယ်စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ်-၁၉ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

အဆိုပါ ကွန်ဖရင့်သို့ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှမဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက်ရောက် နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက်စာတမ်းမဖတ်ကြားနိုင်သော Keynote Speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြ သည်။

နှစ်ရက်တာ ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်းလေးစောင်အပါအဝင် စုစုပေါင်း သုတေသနစာတမ်း ၁၂၃ စောင် ဖတ်ကြားနိုင်ခဲ့ပြီး ပိုစတာ ၂၃ စောင်ကိုပြသနိုင်ခဲ့သည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၂)တွင် အကောင်းဆုံးစာတမ်းဆုခုနစ်ဆုနှင့် အကောင်းဆုံးပိုစတာဆုနှစ်ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)တို့က ပေးအပ်ချီးမြှင့်သည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရပ်ဘက်တက္ကသိုလ်များကတက်ရောက်ပြီး စာတမ်းဖတ်ကြားခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ လုပ်ဆောင်ပေးခဲ့ကြသည့် ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် စာတမ်းရှင်များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပေးပို့သော ဂုဏ်ပြုလက်ဆောင်များကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပေးအပ် ချီးမြှင့်သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အမှာစကားပြောကြားပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၂)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်