Skip to main content

ရွှေတောင်ဒေသထွက် မက်တိုဘူးသီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကျောက်အိုးရွာတွင် ဘူးသီးများစိုက်ပျိုးထားရှိပါသည်။ မြန်မာလူမျိုးများသည် ဘူးသီး၊ ဘူးရွက်၊ ဘူးညွန့်တို့ကို ချက်ပြုတ်စားသောက်ကြသလို ဘူးသီးကို ဆန်မှုန့်များဖြင့် ဘူးသီးကြော်၍ စားသုံးကြပါသည်။ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ကျောက်အိုးရွာတွင် ခြံဝင်းများ၊ အိမ်ယာများတွင် စင်ထိုး၍စိုက်ပျိုးကြပါသည်။ ဘူးပင်ကို မိုးရာသီတွင် စိုက်ပျိုးကြသလို ဆောင်းရာသီတွင်လည်း ရေသွင်း၍ စိုက်ပျိုးသည်။ ဘူးသီးကိုစိုက်ပျိုးပြီး နောက်(၄၅)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးသော ဘူးသီး အမျိုးအစားမှာ မက်တိုဘူးသီးမျိုးဖြစ်ပြီး ဘူးစင်တစ်စင်လျှင် အများဆုံးအလုံး (၁၀၀)ခန့် ထွက်ရှိပြီး အနည်းဆုံး အလုံး(၆၀)ထိ သီးကြောင်း သိရှိရသည်။ မက်တိုဘူးသီးမျိုးမှာ အခေါင်းပွမရှိဘဲ အလေးချိန်စီးသောကြောင့် စိုက်ပျိုးသူများကြောင်းသိရှိရပါသည်။ ထွက်ရှိလာသော ဘူးသီးများကို ကျောက်အိုးကျေးရွာရှိ ကုန်စိမ်းဒိုင်သို့သွားရောက်၍ ရောင်းချကြောင်းသိရှိရသည်။ ဘူးသီးဈေးနှုန်းများမှာ လက်ကားတစ်လုံးလျှင် (၅၀၀) ကျပ်ရရှိပြီး လက်လီတစ်လုံးကျပ် (၆၀၀)ကျပ်ခန့်ရရှိသည်ဟု သိရှိရပါသည်။ ရွှေတောင်ဒေသထွက် စိုက်ပျိုးသော မက်တိုဘူးသီးမျိုးမှာ အခေါင်းမပွ ဘဲ စားသုံးသူများလည်း ကြိုက်နှစ်သက်၍ စိုက်ပျိုးသူများသလို ဈေးနှုန်းလည်းကောင်းသဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း လေ့လာတင်ပြအပ်သည်။

DOCA(ပဲခူး)