ကယားပြည်နယ်တွင် စိတ်ဝင်စားစရာ သဘာဝအလှတရားများ၊ ရိုးရာအစားအစာ၊ ရိုးရာ အထည်လုပ်ငန်းများအပြင် ဒေသထွက်ကုန်ပစ္စည်းများ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ပါသည်။ ဒေသထွက်ကုန်ပစ္စည်းများမှ လက်မှုပညာဖြစ်သည့် ကယားပလိုင်း၊ ကယားနောက်လွယ် ပစ္စည်းများ စသည့် ဒေသခံတိုင်းရင်းသားများ အများဆုံးအသုံးပြုကြပြီး ဒေသထွက်ကုန်များ လက်ဆောင်ပစ္စည်းပေးရာတွင်လည်း အသုံးပြုကြသည်။ ကယားပလိုင်း၊ ကယားနောက်လွယ်များကို နှီးဝါးဖြင့်ယက်လုပ်ကာ သစ်စေးကိုအသုံးပြု ယက်လုပ်ကြပါသည်။
နောက်လွယ်ကို အဖုံးမပါ၊ အဖုံးပါဖြင့် ယက်လုပ်ပြီး အဖုံးကိုသစ်သားဖြင့် အသုံးပြုထားကြောင်း၊ လွယ်ကြိုးကို ယခင်ကနှီးကို အသုံးပြု ကြပြီး ယခုအခါပလပ်စတစ်ကြိုးကို အသုံးပြုကြကြောင်း၊ ပလိုင်းယက်လုပ်ပါက နှီးဝါးတစ်လုံးလျှင် ပလိုင်း(၃)လုံးခန့်၊ နောက်လွယ်ယက်လုပ်ပါက (၅)လုံးခန့်ရကြောင်း၊ အဆိုပါပလိုင်းများကို ဒေသခံတိုင်းရင်းသားများကသယ်ယူရာတွင် နေရာအစုံမှ အသုံးပြုကြပါသည်။ အချို့လက်မှုပညာရှင်များက ပလိုင်းများကို မီးအုပ်ဆောင်း၊ ရိုးရာအလှဆင်ဖန်တီးများ idea ရှိလျှင်ရှိသကဲ့သို့ တီထွင်ပြုလုပ်ကြပါသည်။
ကယားပလိုင်းနောက်လွယ်များကို လွိုင်ကော်မြို့ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်တွင် ရောင်းချကြပြီး ဈေးကွက်အတွင်းတွင် နောက်လွယ်အဖုံးမပါ ပလိုင်းအကြီးတစ် လုံးလျှင် ၅၅၀၀ ကျပ်၊ အဖုံးပါပလိုင်းအကြီး တစ်လုံးလျှင် ၆၅၀၀ ကျပ်နှင့်အဖုံးပါ ပလိုင်းအသေး တစ်လုံးလျှင် ၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုအခါဒေသထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် ပလိုင်းကို ဒေသခံတိုင်းရင်းသားများ ပိုမိုအသုံးများလာသဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး ကြိုးစားနေကြောင်း သိရသည်။
DOCA(ကယား)