Skip to main content

အာဆီယံနိုင်ငံများ၏ တီထွင်မှုမူပိုင်ခွင့်စနစ်အပေါ် ပဏာမလေ့လာမှုနှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားသူ မည်သူမဆို ဖြေကြားနိုင်

အာဆီယံနိုင်ငံများ၏ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ASEAN IPR Action Plan) (၂၀၁၆-၂၀၂၅) ၏ အစီအစဉ် (၉.၅) အရ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ်ပေးမှုကို မြှင့်တင်ခြင်းဖြင့် စီပွားရေးဖွံ့ဖြိုးတိုးတက်စေပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အာဆီယံအဖြစ် ဒေသတွင်းချမှတ်ထားသော လမ်းစဉ်နှင့်အညီ အာဆီယံနိုင်ငံများ၏ တီထွင်မှုမူပိုင်ခွင့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန်ရည်ရွယ်၍ တီထွင်မှု မူပိုင်ခွင့်စနစ်အပေါ် ပဏာမလေ့လာမှုကို အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (ASEAN Working Group on IP Cooperation - AWGIPC) နှင့် Patent Task Force (Patent-TF) တို့ ပူးပေါင်း၍ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ မူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ အဆိုပါလေ့လာမှုအတွက် သုံးစွဲသူများဘက်သို့ ဆန်းစစ်ချက်မေးခွန်းလွှာများ (Demand side survey) ကို ဖြေဆိုခြင်းအားဖြင့် အာဆီယံတီထွင်မှု မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရာတွင် လက်ရှိ အခြေအနေများကို ပါဝင်ဖြေကြားနိုင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများအတွက် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများချဲ့ထွင်ရာတွင် အပြန်အလှန် အထောက်အပံ့ပေးနိုင်မည့် တီထွင်မှုမူပိုင်ခွင့် စနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

သို့ပါ၍ အာဆီယံနိုင်ငံများ၏ တီထွင်မှုမူပိုင်ခွင့်စနစ်အပေါ် ပဏာမလေ့လာမှုနှင့် စပ်လျဉ်း၍ Demand Side Survey ကိုစိတ်ပါ ဝင်စားသူမည်သူမဆို (၂၃.၁၀.၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်ဖြေကြားနိုင်ပါကြောင်း သတင်းရရှိသည်။