Skip to main content

ခေတ်မီတိုးတက်သော Smart City များ အကောင်အထည်ဖော် မြို့ပြဒေသသုံး ဆိုလာစနစ်များ တပ်ဆင်အသုံးပြု

နေပြည်တော် အောက်တိုဘာ ၁၇

နိုင်ငံတော်အတွင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော Smart City များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပြဒေသသုံး ဆိုလာစနစ်များ တပ်ဆင်အသုံးပြုမှုသည် အခရာကျလှကြောင်း၊ Smart City ၏ အင်္ဂါရပ်များတွင် Energy Efficient Smart Building များ၊ Smart Home များ၊ Electric Vehicle များ၊ Data Centre များ စသည်တို့ပါဝင်ကြောင်း၊ ခေါင်မိုးများပေါ်တွင် တပ်ဆင်အသုံးပြုသည့် စနစ်နှင့် မြေပေါ်တွင် တပ်ဆင်အသုံးပြုသည့် Ground-mounted Solar PV စနစ်များရှိကြောင်း၊ ပြည်သူများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်ကောင်းများကို ပိုင်ဆိုင်နိုင်စေရန်အတွက် မြို့ပြဒေသသုံး ဆိုလာစနစ်များ တိုးမြှင့်သုံးစွဲနိုင်စေရေး အလေးပေးကာ ပံ့ပိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ပြောကြားသည်။

ယမန်နေ့ နံနက်ပိုင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Horizon Lake View ဟိုတယ်ရှိ Ground-mounted ဆိုလာစနစ်များကို စစ်ဆေးစဉ် တာဝန်ရှိသူများကို ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ဆိုလာစနစ်တာဝန်ခံက ၄၄၅ ဝပ်အား Mono-crystalline Silicon ဆိုလာမော်ကျူး အခု ၁၅၆၀၊ ၁၁၀ ကီလိုဝပ်အင်ဗာတာ ငါးခုတို့ဖြင့် တပ်ဆင်စွမ်းအား ၆၉၄ ကီလိုဝပ်ရှိသည့် Ground-mounted Solar PV System ကို တပ်ဆင်လျက်ရှိကြောင်း၊ ဟိုတယ်အတွင်း မြေနေရာရရှိမှုအပေါ် အခြေခံလျက် ထပ်မံတပ်ဆင်ရန်လည်း စီမံလျာထားကြောင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး Ground-mounted Solar PV System တပ်ဆင်ထားမှုကို လှည့်လည်ကြည့်ရှုကြောင်း သိရသည်။

သတင်းစဉ်