နေပြည်တော် အောက်တိုဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာတွင် ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှသိန်း၊ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားခရိုင် ပျဉ်းမနားမြို့ ကန်ဦးကျောင်းတိုက်ရှိ သံဃာတော်များ၊ သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ပဲနှင့် အခြားစားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်