(၁၂.၁၀.၂ဝ၂၂)
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် ကင်မွန်းချောင်း တောင်တက်ယာဉ်စခန်းအား အကြမ်းဖက် PDF များမှ ၆၀ မမ၊ ၄၀ မမ လက်နက်များ၊ လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု သိရှိရပါသည်။
၂။ အကြမ်းဖက် PDF တို့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူး ရဟန်း၊ ရှင်၊ လူ၊ အမျိုးသမီးနှင့် ကလေးငယ်များအပါ ပြည်သူစုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး အမျိုးသမီး ၃ ဦး သေဆုံးကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၃။ အပြစ်မဲ့ဘုရားဖူးပြည်သူများအား ဤသို့ပစ်မှတ်ထား တိုက်ခိုက်သည့် ရွံရှာဖွယ် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ပိန္နဲကုန်းရခိုင်ဂျာမေဗလီမှ လုံးဝလက်မခံနိုင် ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။
ပိန္နဲကုန်းရခိုင်ဂျာမေဗလီ