ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)
သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်
၁။ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင် တောင်တက် ယာဉ်စခန်း၌ ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူရန် ဘုရားဖူးခရီးသွား ပြည်သူများ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁) နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ဘုရားဖူးပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့စွာ ကြားသိရပါသည်။
၂။ ယခုလို ဝါကျွတ်ကာလတွင် အေးချမ်းစွာ ဘုရားဖူး ကုသိုလ်ယူနေသည့် အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်သည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့မှ လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)