ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)
သဘောထားထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်
၁။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်အား တက်ရောက်ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူ အများအပြားရှိနေစဉ် ကင်းမွန်းချောင် တောင်တက်ယာဉ်စခန်းအား KNLA တပ်မဟာ (၁)နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လူမဆန်စွာ အကြောင်းမဲ့လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်ဟု သိရှိရပါသည်။
၂။ အကြမ်းဖက် PDF တို့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူး ရဟန်း၊ ရှင်လူနှင့် ကလေးငယ်များအပါ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသမီး (၃) ဦး သေဆုံးခဲ့ကြောင်း စိတ်နှလုံး မချမ်းမြေ့စွာ ကြားသိရပါသည်။
၃။ အပြစ်မဲ့ဘုရားဖူးပြည်သူများအား ဤသို့ပစ်မှတ်ထား တိုက်ခိုက်သည့် ရွံရှာဖွယ် လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်ကို မိမိတို့ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းမှ လုံးဝ လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)