Skip to main content

မွေးမြူရေးတိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများကျရောက်ဖြစ်ပွားနိုင်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

(၁)     တိရစ္ဆာန်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

(၂)      မွေးမြူရေးခြံများတွင် ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းကို စနစ်တကျ ပုံမှန်ဆောင်ရွက်ရန်၊

(၃)     တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို ပုံမှန်ထိုးနှံကြရန်၊

(၄)     ရောဂါဖြစ်သည်ဟု သံသယဖြစ်သော တိရစ္ဆာန်များကို သီးခြားခွဲထားရန်၊

(၅) တိရစ္ဆာန်များတွင် ကူးစက်ရောဂါဟု သံသယဖြစ်ဖွယ်တွေ့ရှိရပါက နီးစပ်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုအမြန်ဆောင်ရွက်ရန်၊

(၆)  ရောဂါဖြစ်တိရစ္ဆာန်ကို အခြားတိရစ္ဆာန်များနှင့်ဝေးရာတွင် သီးခြားချည်နှောင်ထားရန်နှင့် လွှတ်ကျောင်းခြင်း၊ အခြားနေရာသို့ မောင်းနှင်ရွှေ့ပြောင်းခြင်းမပြုရန်၊

(၇)     တိရစ္ဆာန်အသေကောင်များကို စားသောက်ခြင်းမပြုရန်နှင့် စနစ်တကျမြေမြှုပ်ဖျက်ဆီးရန်၊

(၈) တိရစ္ဆာန်များပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးခြင်းနှင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြား ပူးပေါင်းဆောင်ရွက်ရန်၊

(၉) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန