နေပြည်တော် အောက်တိုဘာ ၁၀
၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အောက်တိုဘာ ၉ ရက်ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး စေတီတော်ရင်ပြင်ပတ်လည် ဆီမီးခုံများ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက ဆီမီး ၁၀၀၀၀ ကို ထွန်းညှိပူဇော်ကြသည်။
ထို့ပြင် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို ကျင်းပလျက်ရှိရာ ဈေးရောင်းပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၁၇၀ ဖွင့်လှစ်ပြီး လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်သီးနှံများကို ရောင်းချပေးခြင်း၊ ဂီတဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများဖြင့် စည်ကားလျက်ရှိပြီး အဆိုပါပွဲတော်သို့ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်