Skip to main content

ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်စွာတုန့်ပြန်သွားမည်

ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်းစွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပဲ ဖြေကြားထားပါသည်။

မေး။ ။ လွိုင်ကော်မှာ ခရီးသည်လေယာဉ်အပစ်ခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ဖြေကြားထားတာကို ကြားသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မံသိချင်တာက ယခုလို ဆိုးရွားရက်စက်တဲ့ လုပ်ရပ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က ဘယ်လိုဆက်လက် အရေး ယူသွားမလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။

ဖြေ။ ။ နိုင်ငံတကာရော၊ ကမ္ဘာမှာ ခရီးသည်တင်လေယာဉ်၊ ခရီးသည်တင်ရထား၊ ခရီးသည်တင် ကား၊ Public Transportation နှင့်ပတ်သက်တဲ့ လုပ်ငန်းတွေကို အကြမ်းဖက်တိုက်ခိုက်တာက ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်ကို တိုက်ရိုက် အကြမ်းဖက်ဆောင်ရွက်တာဖြစ်ပါတယ်။ လွိုင်ကော်မှာ ဖြစ်တဲ့ဖြစ်စဉ်သည် ခရီးသည် ၆၀ ကျော်လောက်ပါတဲ့လေယာဉ်ကို ပစ်ခက်တာဖြစ်ပါတယ်။ ပစ်ခက်သည့် အခါတွင် ခရီးသည်တင်လေယာဉ်က ရန်ကုန်ကနေ ထွက်လာတယ်။ ၉ နာရီခွဲ နည်းပါးလောက်မှာ လွိုင်ကော်လေဆိပ်ကို ဆင်းသက်ဖို့အတွက် အနိမ့်ပျံသန်းတယ်၊ ကွင်းကိုပတ်ပြီးပျံရတယ်။ ဒီလိုအချိန်မျိုးမှာ လေယာဉ်ကွင်းရဲ့ မြောက်ဘက်မှာရှိတဲ့ PDF, KNPP အကြမ်းဖက် သောင်းကျန်းသူတွေနေတဲ့ နေရာကနေဖြတ်ရတယ်။ ဖြတ်ရတဲ့အခါတွင် အောက်ကနေပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာဖြစ်ပါတယ်။ လေယာဉ်ဝမ်းဗိုက်ပိုင်းမှာ ထိခိုက်တာရှိပါတယ်။ ခရီးသည်တစ်ယောက် ဒဏ်ရာရရှိခဲ့တာရှိပါတယ်။ ဒီကိစ္စ သတင်းထုတ်ပြန်ပြီး နောက်ပိုင်းမှာ ပြည်ဖျက် မီဒီယာတွေက လေဆိပ်မှာပဲ ပစ်ခက်မှုဖြစ်ပွားသယောင် ဆောင်ရွက်ခဲ့တာရှိပါတယ်။ ဘာကြောင့် သူတို့ဒီလိုဆောင်ရွက်ရသလဲဆိုတာ အကြောင်းရှိတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ Public Transportation ကိစ္စတွင် အကြမ်းဖက်မှုသည် ပိုပြီးကြီးမားပြီး ရာဇဝတ်မှု ကြီးမားတယ်ဆိုတာ သိတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ဆင်သေကို ဆိတ်သရေနဲ့ ဖုံးတဲ့ပုံစံမျိုး လိုက်ပြီး လုပ်နေတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆိုးရွားကြမ်းတမ်းတဲ့ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကို လုပ်ဆောင်နေတဲ့ သူတွေ၊ လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်းတွေအပေါ်မှာ ထိရောက်ပြင်းထန်စွာ တုန့်ပြန်သွားမယ်လို့ ပြောချင်ပါတယ်။