Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက် ရှိသည်။

၁-၁၀-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၀) တွင် ဖခင်ဖြစ်သူက ရွှေပိုးသိချင်သော စကားထာရဲ့ အဖြေကို လက်တွေ့ပြပေးလိုက်သည့် အကြောင်း ရေးဖွဲ့ထားသည့် “နတ်သမီးလေး သောက်တဲ့ရေ” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် လိုအပ်သော အာဟာရ ဓာတ်များစွာ ပါဝင်သော နို့အကြောင်း ဗဟုသုတ ဖြစ်ဖွယ်ရေးသားတင်ပြထားသည့် “လူတို့အတွက် အာဟာရတန်ဖိုး မြင့်မားသောနို့” သုတကဏ္ဍ၊ အသားဟင်း ကောင်းကောင်း စားချင်၍ ဆရာမ အိမ်ကို လာလည်ပြီး ထမင်းစားမည်ဟု ဦးလေး ဖြစ်သူကို ညာပြောထားသည့် အကြောင်း တင်ဆက် ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာ ကာတွန်းဇာတ်လမ်း၊ မောင်လေး၏ မုန့်များကို မြင်တိုင်း မြည်းကြည့်တတ်သည့် အစ်မနှင့် ငရုတ်သီးအစစ်ကို သကြားချောင်း ငရုတ်သီးဟု ထင်မှတ်ကာ မြည်းမိသည့် အကြောင်း တင်ဆက်ထားသည့် “မြည်းဦးလေ” တစ်မျက်နှာကာတွန်း၊ လင်းယုန်၏ရန်မှ ရှဉ့်ညိုလေး၏အသက်ကို အကြံပေးကာ ကယ်တင်ပေးခဲ့သော မျောက်ညို လေးသည် သူ၏ ဝင့်ကြွားသော စကားသံကြောင့် ဒုက္ခရောက်ရပုံကို တင်ဆက်ထားသည့် “ဝင့်ကြွားတဲ့ မျောက်ညို”နှစ်မျက်နှာ ကာတွန်း၊ ညီအစ်ကို နှစ်ယောက်သည် မိဘများ၏ အမွေ များကို ညီတူညီမျှ ရရှိခဲ့သော်လည်း လောဘကြီးသည့် အစ်ကိုက ညီဖြစ်သူ၏ အမွေများကို လိုချင်၍ ကြံစည်ရာမှ ဒုက္ခရောက်ခဲ့ရပုံ အကြောင်းကို တင်ဆက်ထားသည့် “လောဘမီး” နှစ်မျက်နှာ ကာတွန်း၊ မြန်မာတို့၏ အစဉ်အလာအတိုင်း သံဃာတော်များအား ဆွမ်းချက် လောင်းလှူ သည့်အကြောင်း ရေးဖွဲ့ထားသည့် “မြန်မာ့ဂုဏ်” ကဗျာကဏ္ဍ၊ အင်္ဂလိပ်စာ သင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍ၊ ဝတ္ထုကဏ္ဍ၊ ပုံပြင်ကဏ္ဍနှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်