Skip to main content

ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်သိပိုင်ခွင့် အပြည်ပြည်ဆိုင်ရာနေ့ ကြိုဆိုဂုဏ်ပြုသည့် Online ဆွေးနွေးပွဲသို့ MRTV မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၈

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် သိပိုင်ခွင့်အပြည်ပြည်ဆိုင်ရာနေ့ ကို ဂုဏ်ပြုသောအားဖြင့် Online ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေသူများနှင့် စိတ်ပါဝင်စားသည့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် သတင်းအချက်အလက် လက်လှမ်းမီမှုမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အရည်အသွေး မြှင့်တင်ပေးခြင်း၊ ပြည်သူများ သတင်းအချက်အလက် ရယူပိုင်ခွင့်ရှိစေရန် သတင်းအချက်အလက် ထုတ်ဖော်မှုကို မြှင့်တင်ပေးခြင်း၊ ပြည်သူများ သတင်းအချက်အလက် သိရှိပိုင်ခွင့်အရ အများပြည်သူကို ပိုမိုတာဝန်ခံနိုင်သော သတင်းအချက်အလက်များ ဖြည့်ဆည်းပေးခြင်း၊ အစိုးရ၏ သတင်းအချက်အလက်များကို အားလုံးပါဝင်သည့် ဝန်ဆောင်မှု ပေးခြင်းပုံစံဖြင့် အများပြည်သူ၏ ယုံကြည်မှု တည်ဆောက်ခြင်း၊ သတင်းအချက်အလက် ဖြန့်ဖြူးရေးအတွက် သတင်းအရည်အသွေး မြှင့်တင်ခြင်း၊ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာဖြင့် နည်းပညာအသုံးပြု ဆောင်ရွက်ပေးခြင်းစသည့် အများပြည်သူအတွက် သတင်းအချက်အလက် သိရှိပိုင်ခွင့်ဆိုင်ရာများအား ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဆွေးနွေးမှုများနှင့်အတူ မြန်မာနိုင်ငံမှ တက်ရောက်သူများကလည်း လုပ်ငန်းအတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်