Skip to main content

ရန်ကုန်နှင့်မန္တလေးတို့တွင် ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာစီရောင်းချမည်

နေပြည်တော် (၂၈-၉-၂၀၂၂)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာစီကို စက်တင်ဘာလ ၂၉ ရက်နေ့ ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည် ဖြစ်ပါသဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နှင့် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံးတို့တွင် အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ကြောင်းနှင့် ရွှေဒင်္ဂါးပြားများရောင်းချခြင်း ကိုလည်း ယခင်အတိုင်းဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်