ရန်ကုန် စက်တင်ဘာ ၂၆
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းကထုတ်ဝေသော ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းနှင့် သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Sports Hotel ၌ ကျင်းပရာ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်း က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်း စာတည်းမှူးချုပ် ဦးရဲနိုင်စိုး က မဂ္ဂဇင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းကို မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက တစ်လတစ်ကြိမ် ထုတ်ဝေလျက်ရှိပြီး သတင်းမီဒီယာအဖွဲ့များနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်