နေပြည်တော် စက်တင်ဘာ ၂၅
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသူများ၏ သား သမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်များ၏ သားသမီးများ၊ စုစုပေါင်း ၉၈ ဦးတို့ကို Artillery Gunners Foun- dation က စက်တင်ဘာ ၂၅ ရက်တွင် နယ်မြေခံ အမြောက်တပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပသည်။
အခမ်းအနားသို့ ဖောင်ဒေးရှင်းအမှုဆောင်များ၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တပ်နယ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့မှ တပ်မှူးများ၊ ဆုရရှိသူ များ၏ မိဘများ တက်ရောက်ကြပြီး ပညာရည်ချွန်ဆုများကို ဖောင်ဒေးရှင်းနာယက ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ငြိမ်း)၊ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဗိုလ်ချုပ် ကြည်ဝင်း (ငြိမ်း) နှင့် အမှုဆောင်များက ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်