နေပြည်တော် စက်တင်ဘာ ၂၄
တပ်ကုန်းမြို့နယ်၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့နယ်၊ လွိုင်လင် မြို့နယ်နှင့် ဟိုပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီခွဲတွင် တပ်ကုန်းမြို့နယ် အောင်မြေကျေးရွာအုပ်စု ဒရောက် ကူး ကျေးရွာအနီးတွင် မြင့်ငွေ မောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် အဆိုပါ နေရာ၌ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချပေးသူ စိန်ရိုးအား ဆိုင်ကယ်တစ်စီး၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ် တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက် နောင်ခမ်းကန်ပတ်လမ်းတွင် ဇော်ဇော်ဝင်း(ခ)အိုက်ဇော် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း။
အလားတူ စက်တင်ဘာ ၂၂ ရက် ည ၉ နာရီခွဲတွင် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စု လွယ်စီ တုံကျေးရွာအနီးတွင် ကျမော့မောင်းနှင်ပြီး အားချဲန်လိုက်ပါ လာသည့်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသော အမှုန့် (Happy Water) ၁ ဒသမ ၀၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၁၀ နာရီတွင် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ရှိ ၎င်းတို့ငှားရမ်းနေထိုင်သည့် အိမ်အမှတ်(ဆခ/၁၉၀)သို့ သွား ရောက် စစ်ဆေးရှာဖွေရာ ကျာရှဲ နှင့် ခနာ့ကွန်(ခ)ကွန်တို့အား တွေ့ရှိရပြီး ကက်တမင်း သုည ဒသမ ၅ ကီလို၊ အိုက်စ် သုည ဒသမ ၈၅ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၀၀၀ နှင့် စိတ်ပြောင်း ဆေးဝါးများ ရောစပ်ထားသော အမှုန့်(Happy Water) ၂ ဒသမ ၃၄၅ ကီလို ကိုလည်းကောင်း။
ထို့အတူ စက်တင်ဘာ ၂၃ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပင်လုံ(အရှေ့) ကျေးရွာအုပ်စု ကျူယုံးကျေးရွာ အနီး ပင်လုံ-လဲချားသွားကား လမ်းတွင် စိုင်းမေထာ မောင်းနှင် ပြီး စိုင်းလောင်ဆိုင်၊ စိုင်းစွမ်ဝမ်း နှင့် မနန်းယိင်းတို့လိုက်ပါလာ သည့်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ အိုက်စ် ၂ ဒသမ ၇ ကီလို ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ် ဖတ်ဟာကျေးရွာ အုပ်စု ဖာကျွတ်(လွယ်လ) ကျေးရွာနေ ငို့ဆီး၏နေအိမ်သို့ ဝင်ရောက် စစ်ဆေးရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂၂၀၀ ၊ ဘိန်းဖြူ သုည ဒသမ ၀၁၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်