Skip to main content

စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်းအမှတ်စဉ် (၂၂) သင်တန်းဆင်း

နေပြည်တော် စက်တင်ဘာ ၂၃

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်မှုတန်းမြင့် သင်တန်း အမှတ်စဉ် (၂၂)၏ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းကကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ နိုင်ငံဝန်ထမ်း အဖွဲ့အစည်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ရုံးအုပ်နှင့် ဌာနခွဲစာရေးအဆင့်ရှိ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့် သင်တန်းအမှတ်စဉ် (၂၂)မှ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၅၁ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင်နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ပြီးသင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ အဆိုပါသင်တန်းကို ဇူလိုင် ၁၈ ရက်မှ စက်တင်ဘာ ၂၃ ရက်အထိ ရက်သတ္တပတ် ၁၀ ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်