နေပြည်တော် စက်တင်ဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မင်္ဂလာသီရိပတ္တာကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ စိန်ဟင်္သာတကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်၊ လှိုင်မြို့နယ်ရှိ ဝါယာလက်ကျောင်းတိုက်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ထိန်ထိန်ဝင်းပရိယတ္တိ စာသင်တိုက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဟာသုဝဏ္ဏကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ အနန္တဂုဏ်ရည်ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ စန်းမြရောင်ခြည်ကျောင်းတိုက်၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ရွှေသိမ်တော်ဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ပိဋကတ်ကျောင်းတိုက် (ဗားကရာ)နှင့် အောင်မြေသာစံမြို့နယ်ရှိ နဂါးပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ အေးချမ်းမြေ့ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ကျောက်ချောကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအား တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်