Skip to main content

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံ သူများနှင့် တွေ့ဆုံ

နေပြည်တော်   စက်တင်ဘာ  ၂၀

စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်း ပေးနိုင်ရေး တို့အတွက် CMP လုပ်ငန်း    ရင်းနှီးမြှုပ်နှံသူများနှင့်  တွေ့ဆုံပွဲကို  ယမန်နေ့ နံနက်ပိုင်း တွင်  ရန်ကုန်မြို့  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင်  ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာ  ဝါဝါမောင်က  CMP ရင်းနှီးမြှုပ်နှံသူများ၏    လုပ်ငန်းများ  လွယ်ကူချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်သည့်  ကိစ္စရပ်များ၊ CMP စီးပွားရေး လုပ်ငန်းစုဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြားပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ပြောကြားပြီးတက် ရောက်လာသူများနှင့်      အပြန် အလှန် ဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွား  ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့မှ  တာဝန်ရှိသူများက   ပြန်လည်ဆွေးနွေးကြပြီး   ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က ညှိနှိုင်း ဆွေးနွေး၍  နိဂုံးချုပ်အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊    အလုပ်သမား  ညွှန်ကြားရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှု  လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊    မြန်မာနိုင်ငံ အထည်ချုပ်  လုပ်ငန်းရှင်များ အသင်းမှ    ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစ က်မှု ကုန်ထုတ်လုပ် သူများအသင်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသား CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများ တက် ရောက်ကြောင်း သိရသည်။

သတင်းစဉ်