Skip to main content

ဧရာ၀တီတိုင်းသားတို့ တန်ဖိုးထား ဂုဏ်ယူဖွယ်ရာ မြန်မာ့လက်မှုရိုးရာ အနုပညာပုသိမ်ထီးစျေးကွက်

မြန်မာနိုင်ငံ၏ လက်မှုရိုးရာ အနုပညာများတွင် ကမ္ဘာမှ အသိအမှတ်ပြုထားခြင်းခံရသည့် ဧရာ၀တီတိုင်းဒေသကြီးမှ ပြုလုပ်သော လက်မှုရိုးရာ ပုသိမ်ထီးစျေးကွက်မှာ ပြည်တွင်းနှင့် ဥရောပစျေးကွက်ကို ခိုင်ခိုင်မာမာရရှိထားပြီး၊ ရှေးခေတ်ကပင် ဘုရင်များမှ ရွှေပြားကပ် ကနုတ်ပန်းများ ရေးဆွဲလျှက် ပန်းချီပညာများဖြင့် အလှဆင်ကာ အမြတ်တနိုးတန်ဖိုးထား၍ သုံးစွဲခဲ့ကြောင်း၊ မျက်မှောက်ခေတ်မှာလည်း ရှင်ပြုအလှူများနှင့် မြန်မာအမျိုးသမီးများ ကြက်သရေဆောင် ပစ္စည်းတစ်ခုအနေဖြင့် သုံးစွဲကြပြီး၊ ရဟန်းဆောင်ထီး၊ သီလရှင်ဆောင်းထီး၊ အမျိုးသမီးအလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ရှေးလက်ရာထီးနှင့် ရိုးရာမပျက် ခေတ်မီထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီးများအပြင် မင်္ဂလာဆောင်တွင် လက်ဆောင်ထီးနှင့် ကုမ္ပဏီလိုဂိုအမှတ်တံဆိပ်ပါ လက်ဆောင်ထီးများကိုလည်း ပြုလုပ် ရောင်းချပေးလျှက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှ သိရသည်။

ပုသိမ်ထီးအရွယ်အစားများမှာ ၄ လက်မ မှ ၁၀ ပေ အထိရှိ၍ စျေးနှုန်းမှာလည်း ၃၀၀၀/ ၄၀၀၀ ကျပ်၊ ၇၀၀၀/၈၀၀၀ ကျပ်၊ ၁၀၀၀၀/၁၂၀၀၀ စျေးအတွင်း ရောင်းချလျှက်ရှိပြီး ကမ်းခြေသုံး ထီးစျေးနှုန်းမှာ ၆၀၀၀၀၊ ၇၀၀၀၀ ကျပ်စျေးရှိပြီး အရွယ်အစားမျိုးစုံ၊ အရောင်မျိုးစုံနှင့် ပြုလုပ် ရောင်းချလျှက်ရှိပြီး စျေးနှုန်းမှာလည်း ကွာခြားမှုရှိကြောင်း၊ ပြည်တွင်းကြိုက် အများဆုံးအရောင် မှာ နီညိုရောင်ဖြစ်၍ ပြည်ပတွင် လူကြိုက်အများဆုံးအရောင်မှာ လိမ္မော်ရောင်၊ နီညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ အဝါရောင်များကို ကြိုက်နှစ်သက်မှုရှိကြောင်း၊ ပြည်တွင်းစျေးကွက် မှာလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေးဒေသများနှင့် ပင်လယ်ကမ်းခြေဒေသများဖြစ်သော ငပလီ၊ ငွေဆောင်၊ ချောင်းသာ ပင်လယ်ကမ်းခြေဒေသများတွင် ကမ်းခြေသုံးထီးများနှင့် ဟိုတယ်အလှဆင်ရာတွင် အများဆုံး၀ယ်ယူ သုံးစွဲလျှက်ရှိကြောင်း ပြည်ပနိုင်ငံများဖြစ်သော အာရှစျေးကွက်နှင့် ဥရောပ စျေးကွက်သို့လည်း တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ မိရိုးဖလာ ထီးလုပ်ငန်းလုပ်ကိုင်နေသူ ပုသိမ်မြို့ တောရကျောင်းလမ်း ရွှေစာထီးလုပ်ငန်းရှင် ဒေါ်လှလှ၀င်းထံမှ သိရသည်။

ပုသိမ်ထီးပြုလုပ်ရာတွင် ပုသိမ်မြို့နယ် ချောင်းသာ၊ ငွေဆောင်၊ ရှောပြာနှင့် ရေကြည်၊ ငါး သိုင်းချောင်း မြို့နယ်များမှ ထွက်ရှိသော သရကူဝါးကို အဓိကအသုံးပြုပြီး ထီးကောင်းတစ်လတ် ရရှိရန် ဝါးကောင်းဖို့လိုအပ်ကြောင်း၊ သက်တမ်း(၉)နှစ်ရှိဝါးသည် ထီးလုပ်ငန်းအတွက် အသင့် တော်ဆုံးဖြစ်ပြီး ဝါးနုလျှင် ပိုးစားသည့်အတွက် ဝါးကုန်ကြမ်းကို တပတ်ခန့်နွံထဲတွင် စိမ်ထားပြီး ကင်ပွန်းချဉ်ရွက် မကျီးရွက်များဖြင့် ပိုးမထိုးအောင်ပြုလုပ် သုံးစွဲရကြောင်း ထီးခေါင်းနှင့် ထီးပြု လုပ်ရာတွင် အသုံးပြုသော သစ်အမျိုးအစားမှာ တောင်မရိုး သား၊ မအူသား၊ မအူရွှေဝါသား၊ လက် ပန်သား၊ ရွေးသား၊ ဒီးဒူး၊ ပိတောက်သားများကို အသုံးပြုခြင်းဖြစ်ကြောင်း အစပထမပိုင်းတွင် ထီးအရွက်ကို ဆီစိမ်စက္ကူဖြင့် ပြုလုပ်သော်လည်း နောက်ပိုင်းတွင် ထီးအရွက်ကိုတည်ရေများ သုတ်လိမ်းပြီး၊ ထီးအရွက်ကို ပြည်တွင်းထွက် ပိတ်ရောင်စုံ တက်ထရွန်စများဖြင့် ရေစိုခံအောင် ပြုလုပ်ခဲ့ကြောင်း၊ အချို့နိုင်ငံများတွင် ပြုလုပ်သောထီးမှာ မိုးရေမလုံ၊ အကြမ်းမခံဘဲ၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သောထီးမှာ ရေစိုခံအကြမ်းခံသည့်အတွက် ပြည်ပနိုင်ငံသားများ ကြိုက်နှစ်သက်မှုရှိ၍ ရာသီဥတုအေးလျှင် ထီးမှာ အနည်းငယ်ကွေးသွားပြီး၊ နေပူလျှင် ထီးမှာ ဝိုင်းဝိုင်းကလေးဖြစ်သွား ကြောင်း၊ ထီးအဖွင့်အပိတ် ပြုလုပ်ရာတွင် ထီးချက်ကို သံ၊ စပလိန်မပါ သစ်သားနှင့် ပြုလုပ်ထားသည်ကို ဝယ်ယူသူများက သဘောကျနှစ်သက်မှုရှိကြောင်း သိရသည်။

ပုသိမ်ထီးပြုလုပ်ရာတွင် နိုင်ငံခြားမှ ဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်းများမပါဘဲ၊ ဒေသ ထွက်ပစ္စည်းများကို အသုံးပြုလျှက် မြန်မာ့အနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ပန်း ချီရေးဆွဲခြင်းစသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထား သောကြောင့် ပြည်ပနိုင်ငံသားများက Hand Made လက်မှုအနုပညာတစ်ခုအနေဖြင့် လူကြိုက် များကြောင်း၊ မြန်မာ့လက်မှုပစ္စည်းများကို ပြည်တွင်းစျေးကွက်သာမက ပြည်ပစျေးကွက်တွင် တီထွင်ဆန်းသစ်မှုများနှင့်အတူ နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု လက်မှု လက်ရာများ ထိန်းသိမ်းပျံနှံ့စေနိုင်တဲ့အပြင် နိုင်ငံတော်အတွက်လည်း ပြည်ပ၀င်ငွေ Export Money Income များ တိုးတက်ရရှိမှာဖြစ်ကြောင်း၊ မြန်မာရိုးရာယဉ်ကျေးမှု လက်မှုအနုပညာဖြစ်သော ပုသိမ်ထီးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စျေးကွက်ဝေစုပိုမိုရရှိစေရန်နှင့် ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားမှုရှိစေရေး ရိုးရာအမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်သွားခြင်း မရှိစေရန် ပုသိမ်ထီးလုပ်ငန်းရှင်များမှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရွှေစောထီးလုပ်ငန်းရှင် ဒေါ်လှလှ၀င်းမှ ဆက်လက် ပြောကြားပါသည်။

DOCA(ဧရာဝတီ)