Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၁၁

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ လစဉ်ပုံမှန်အစည်အဝေး (၇/၂၀၂၂) ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစည်းအဝေးခန်းမ၌ ယနေ့ကျင်းပရာ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) နှင့် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် ကောင်စီဝင်များ စုံညီစွာတက်ရောက်ကြပြီး ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ ပြန်ကြား‌ရေးမှူးနှင့် အငြင်းပွားမှုနှင့် တိုင်ကြားမှုများညှိနှိုင်း ဖြေရှင်းရေးကော်မတီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီ၊ ဥပဒေရေးရာကော်မတီ၊ သတင်းမီဒီယာများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ သတင်းမီဒီယာသမားများ အကာအကွယ်ပေးရေး ကော်မတီ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ၊ စာရင်းစစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီနှင့် ပြန်ကြားရေးကော်မတီများ၏ အဖွဲ့ခေါင်းဆောင်များက မိမိတို့ကော်မတီနှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို အသီးသီး တင်ပြဆွေးနွေးညှိနှိုင်းကြကြောင်း သိရသည်။

သတင်းစဉ်