နေပြည်တော် ဩဂုတ် ၁၀
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သီရိရတနာကျောင်းတိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ်မြစ်ကြီးနား မြို့နယ်ရှိခေမာသီဝံပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ရှမ်းကျောင်းစာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ သာမဏေကျော်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်ရှိ ဈေးတန်းကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်