Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများ ဆွမ်းဆန်တော်လှူဒါန်း

နေပြည်တော် ဩဂုတ် ၅

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စိန်ရာဇာသာသနာလင်္ကာရကျောင်းတိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ အောင်မြေအရှေ့ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်ရှိ မြို့မပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ ပုညဝတီမိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ပဇ္ဇောတာရုံပါဠိတက္ကသိုလ်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်