Skip to main content

မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် နတ်တောင်ချောင်းရှိ ရေများပြည့်လျှံမှုကြောင့် ဥတ္တရသီရိမြို့နယ်၊ တက်ရှိန်းကျေးရွာနှင့် တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း မုခ်ဦးနှင့် အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ပြီး လမ်းရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက သွားရောက်၍ ရေဝင်ရောက်ခဲ့သည့် နေအိမ်များအတွင်း သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ပြိုကျပျက်စီးနေသည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းပိတ်ဆို့နေသည့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။