နေပြည်တော် ဇူလိုင် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ လုံခုတ်၊ ပေါင်းလင်းပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို ဇူလိုင် ၂၈ ရက်မွန်းလွဲပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ် နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်