Skip to main content

ASEAN Network of Intellectual Property Enforcement Expert (ANIEE) မှ မူပိုင်ခွင့်ဆိုင်ရာ Poster နှင့် Video ပြိုင်ပွဲများ ကျင်းပမည့်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။      ASEAN Network of Intellectual Property Enforcement Expert (ANIEE) မှ မူပိုင်ခွင့် ဆိုင်ရာ Poster နှင့် Video ပြိုင်ပွဲများကိုကျင်းပမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင် ယှဉ်ပြိုင်နိုင်သဖြင့် လူငယ်လူရွယ်များပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       ပိုစတာပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များမှာ-

(က) “Respecting Intellectual Property Rights in Midst of the Pandemic to Protect MSMEs” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရပါမည်။

( ခ ) အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

( ဂ ) Poster အရွယ်အစားသည် A4 (8.27’x 11.69’)(300 DPI) PORTRAIT ဖြစ်ရမည်။

(ဃ) ပြိုင်ပွဲဝင်သူသည် ပိုစတာပြုလုပ်နေသည့် အထောက်အထား video ကိုတင်ပြရ မည်။

( င ) ပြိုင်ပွဲဝင်သူသည် တီထွင်ဖန်တီးမှုဖော်ပြရန်အတွက် Photoshop ၊Paint(သို့မဟုတ်) မည်သည့် graphics software ကိုမဆို အသုံးပြုနိုင်ပါသည်။

( စ ) ပိုစတာသည် highresolution JPEG Format ၊ Maximum File size- 10 MB ဖြစ်ရမည်၊ အနည်းဆုံး 1920 x 1080 pixels နှင့် 300 dpi ဖြစ်ရမည်။

(ဆ) ပြိုင်ပွဲဝင်သူ ကိုယ်တိုင်ဖန်တီးထားသည့် Static digital Image ဖြစ်ရမည့် အပြင် ဖော်ပြချက် အကျဉ်းချုပ်သည် စကားလုံး ၁၀၀ ထက်မပိုရပါ။

(ဇ)   ယခင်ပြိုင်ပွဲများတွင်ပြိုင်ခဲ့သည့်အကြောင်းအရာများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေနှင့်စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများကိုချိုးဖောက်သည့်အကြောင်းအရာ များအား ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပါ။

(ဈ)  လူပုဂ္ဂိုလ်များ၏ ပုံရိပ်များပါဝင်ပါကအဆိုပါပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်၊

(ည) ပြိုင်ပွဲဝင်သူသည် Poster တစ်ခုသာတင်သွင်းယှဉ်ပြိုင်ရမည်။

( ဋ)  ပြိုင်ပွဲဝင် လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင် တစ်ဦးကို စိစစ်ရွေးချယ် ပြီး အာဆီယံဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရန်ပေးပို့သွားပါမည်။

၃။      Video ပြိုင်ပွဲအတွက် စည်းကမ်းချက်များမှာ-

(က) “IP and Youth: Digital Enforcement, Innovating for a Better Future” ခေါင်းစဉ် ဖြင့် ယှဉ်ပြိုင်ရပါမည်။

( ခ ) အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်လူရွယ်များ (တစ်ဦးချင်း/အဖွဲ့) ပါဝင်ယှဉ် ပြိုင် နိုင်ပါသည်။

( ဂ ) Video သည် ၁ မိနစ်မှ ၃ မိနစ်အတွင်းကြာမြင့်ရမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား ဖြစ်ရမည်။ (မြန်မာဘာသာဖြင့် စာတန်းထိုးရေးသားနိုင်သည်။)

(ဃ) ယှဉ်ပြိုင်သည့် Video သည် အခြား Social Media များအပါအဝင် You Tube Terms   of Service and Community Guideline နှင့် ကိုက်ညီရမည်။

( င)  အဆိုပါ Video သည် ပြိုင်ပွဲဝင်၏ ကိုယ်ပိုင်လက်ရာဖြစ်ရမည်ဖြစ်ပြီးလူပုဂ္ဂိုလ်များ၏   ပုံရိပ်များပါဝင်ပါက အဆိုပါပုဂ္ဂိုလ်၏ သဘောတူညီချက်ပါရှိရမည်။

( စ ) ပြိုင်ပွဲဝင်သည် Video တစ်ခုသာ တင်သွင်းယှဉ်ပြိုင်ရမည်။

(ဆ) ပြိုင်ပွဲဝင်လက်ရာများအနက်မှ အကောင်းဆုံးလက်ရာရှင် တစ်ဦးကို စိစစ်ရွေးချယ် ပြီး အာဆီယံဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ပေးပို့သွားပါမည်။

၄။      ANIEE မှ Poster နှင့် Video တစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆုချီးမြှင့်မည်ဖြစ်ပါ သည်-

(က)   ပထမဆု        -        500 USD

(ခ)    ဒုတိယဆု      -        300 USD

(ဂ)    တတိယဆု     -        200 USD

၅။      ပြိုင်ပွဲဝင်များသည်ပြိုင်ပွဲဝင်လက်ရာ(hard copyနှင့် softcopy)တို့ကို မိမိ၏ ကိုယ်ရေး အကျဉ်း၊ မှတ်ပုံတင်မိတ္တူ ပူးတွဲလျက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ipdept.public@gmail.comemail သို့ဖြစ်စေ (၁-၈-၂၀၂၂)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ယှဉ်ပြိုင်သွားရန်နှင့် ပြိုင်ပွဲဝင်လက်ရာများအနက်မှ သတ်မှတ်စည်းကမ်းချက်နှင့် ကိုက်ညီသည့် Poster နှင့် Video ပြိုင်ပွဲတစ်ခုစီအတွက် အကောင်းဆုံးလက်ရာ (၁)ခု စီ အား စိစစ်ရွေးချယ်ပြီးရွေးချယ်ခံရသည့်ကာယကံရှင်ထံသို့ အကြောင်းကြားပါမည်။ အဆိုပါလက်ရာ(၂)ခုအား အာဆီယံဒေသတွင်းပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်းပြိုင်ပွဲတွင် ဆုရရှိပါကဆက်သွယ်ပေးမည်ဖြစ်ပါသည်။

၆။      အာဆီယံဒေသတွင်းဆုရရှိသူ၏ မူပိုင်ခွင့်သည် ကာယကံရှင်ဖြစ်သော်လည်းအဆိုပါ Poster နှင့် Video အားအသုံးပြုခွင့်သည် ANIEE နှင့်သက်ဆိုင်သည်။

၇။      အဆိုပါ ပြိုင်ပွဲနှင့်စပ်လျဉ်း၍ စုံစမ်းသိရှိလိုပါကမူပိုင်ခွင့်ဦးစီးဌာန၏ တယ်လီဖုန်းနံပါတ် ၀၆၇-၄၃၀၅၉၅ သို့မဟုတ် ၀၆၇-၄၃၀၅၉၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။