မော်တော်ယာဉ်မောင်းနှင်သူသည် မီးဖွင့်မောင်းရာတွင် အောက်ပါအချက်များကို လိုက်နာရပါမည်-
(က) မည်သည့်မော်တော်ယာဉ်မဆို နေဝင်ပြီးအချိန်မှ နေမထွက်မီအချိန်အထိတွင် လည်းကောင်း၊ ရာသီဥတုကြောင့် အလင်းရောင်နည်းနေသည့်နေ့အချိန်တွင် လည်းကောင်း အလင်းရောင်ရရှိစေရန်အတွက် မီးဖွင့်၍ မောင်းနှင်ရမည်။
(ခ) မော်တော်ယာဉ်ရှေ့မီးကြီးများကို မျက်နှာချင်းဆိုင်လာသူများ မျက်စိမစူးစေရန် အောက်စိုက်၍အသုံးပြုရမည်။ အကယ်၍ မျက်နှာချင်းဆိုင်မော်တော်ယာဉ်မီးကြောင့် မျက်စိစူးပါက မိမိမော်တော်ယာဉ်၏ အမြန်နှုန်းကို လျှော့မောင်းရမည် သိုမဟုတ် ခေတ္တရပ်ပေးရမည်။ အခြားမော်တော်ယာဉ်နောက်မှလိုက်၍ မောင်းနှင်နေပါက မိမိမော်တော်ယာဉ်၏ ရှေ့မီးကြီးများကို အောက်စိုက်၍ မောင်းနှင်ရမည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန