Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်၊ လုပ်ငန်းသုံးပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် အရှေ့ရိုးမကြိုးဝိုင်းအတွင်း တရားမဝင်ထောက်ကြံ့ခွဲသားနှင့် တောင်သရက်ခွဲသား (၂ ဒသမ ၁၈၆၄) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၀၄၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇူလိုင် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော မျက်စိကုသရေးဆိုင်ရာဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၂,၀၅၀) ကိုလည်းကောင်း၊ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော လုပ်ငန်သုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၄၀၀,၀၀၀)နှင့် လျှပ်စစ်ကေဘယ်ကြိုးများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၆၀၂,၀၅၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရေဖြူမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာစုပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်မှ တရားဝင်ခွင့်ပြုထားသည့် ပမာဏထက်ပိုမိုတင်ဆောင်လာသော ခဲမဖြူ/အဖြိုက်နက်ရောရာ သတ္တုအိတ် ၆၉၆ အိတ် (၃၁ ဒသမ ၂၉၆၇) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာအမြန်စာပို့လုပ်ငန်း (EMS International)မှ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂ဝဝ,ဝဝဝ) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူပင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာစစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော Blank Holder များ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၅၀,၀၀၀)ကိုလည်းကောင်း၊ သင်္ဘောဖြင့်တင်သွင်းလာသော တိုက်ကြေအဖြစ် စစ်ဆေးတွေ့ရှိသည့် မော်တော်ယာဉ်ခြောက်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၅၅၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၂ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သေ ာစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်အတွင်း တရားမဝင် ပျဉ်းကတိုးသစ်ခွဲသား (၁၁ ဒသမ ၇၂၉၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၆၄, ၈၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောစစ်ဆေးရေးအဖွဲ့က သပြေကန်ကျေးရွာအနီး လိုင်စင်မဲ့ TOYOTA Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၆၄,၈၀၀) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန် ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်ဝကျေးရွာအနီး၌ အချိန်ကြာမြင့်စွာ ရပ်နားထားကြောင်းသတင်းအရ စစ်ဆေးတွေ့ရှိသော လိုင်စင်မဲ့ Honda Fit GE6 အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြဝတီမြို့မှ ရန်ကုန်မြို့သို့သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော စုံတွဲလက်ပတ်နာရီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၂၀,၀၀၀) နှင့် အမျိုးသားစီးဖိနပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉,၁၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၂၀ ရက်၊ ၂၁ ရက် ၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၂,၉၈၉,၈၉၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)