Skip to main content

နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၃

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာအုပ်စု ပေါစံခေါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းကျောင်း ဆောင်သစ်ဖွင့်ပွဲနှင့် ပျဉ်းမနားမြို့နယ် လဲလူးအိုင်ကျေးရွာအုပ်စု လဲလူးအိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားများကို အဆိုပါကျောင်းဆောင်သစ် မျက်နှာစာများတွင် ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ GBH ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဝေလင်းစိုးနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင် မောင်ဦးတို့က ကျောင်းဆောင်သစ်များကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဖွင့်ပွဲအခမ်းအနားများတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် နေပြည်တော်ကောင်စီအနေဖြင့် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းဆောင်များရရှိရေးအတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျောင်းဆောင်သစ်များနှင့် ပတ်သက်သည့် အချက်အလက်များကို GBH ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာနှင့် တော်ဝင်ထီးလှိုင်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာတို့က လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးတင်ဆန်းက လက်ခံရယူသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်များအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယနေ့ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်များသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အလျား ပေ ၁၀၀ ၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေရှိ တစ်ထပ် ကျောင်းဆောင်များဖြစ်ကြောင်း သိရသည်။

သတင်းစဉ်