Skip to main content

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

  • ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
  • လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask)များ မပျက်မကွက် စနစ်တကျ တပ်ဆင်ရန်။
  • သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျ လက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
  • ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချိုလမ်းဆုံတွင် ကိုယ်အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာပါရန်။
  • ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
  • ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း အပါအဝင် သံသယဖြစ်ဖွယ် လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
  • ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
  • ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး (၆)ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့် အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။
  • ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ် - ၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန်။
  • သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ (လုံးဝ) လာရောက်ခြင်း မပြုရန်။
  • ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ) လာရောက်ခြင်းမပြုရန်။