တရုတ်နိုင်ငံ(GACC)သို့ SPS Protocol ပါ သတ်မှတ်ချက်များနှင့်အညီ ပြောင်းဆံတင်ပို့နိုင်ရေး အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်း ကွင်းများစစ်ဆေးခဲ့မှုအပေါ် စိစစ်ရွေးချယ်ဆောင်ရွက်နိုင်ရေး Working Task Force အဖွဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် (၂) နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ် သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိ တက်(MITS)မှ အုပ်ချုပ်မှုဒါရိုက်တာ၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် Working Task Force အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကုန်ပစ္စည်းအရည် အသွေးကြီးကြပ်ရေး၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC)နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MOALI) တို့အကြား မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါသဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ပြောင်းကို တရုတ်နိုင်ငံ (GACC)သို့ တင်ပို့နိုင်ရေး အတွက် အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံ/ အခြောက်ခံစက်/ နေလှန်း ကွင်းများ စစ်ဆေးခဲ့မှုအပေါ် စိစစ်ခဲ့ရာ ပထမအကြိမ်အဖြစ် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီ (၈၆) ခုအား ရွေးချယ်ခဲ့ပြီး MOALI မှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြီးဖြစ် ပါကြောင်း၊ ဆက်လက်၍ ဒုတိယအကြိမ် ထပ်မံစိစစ်ရွေးချယ်နိုင်ရေး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့်ကုမ္ပဏီများအား စိစစ်ရွေးချယ်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဆိုပြုလျှောက်ထားလာသည့် ကုမ္ပဏီများ၏ သိုလှောင်ရုံများနှင့် အခြောက်ခံစက်များ စစ်ဆေးပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် Working Task Force အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံ(GACC)တွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက်သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုမ္ပဏီများအား စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
(ITQM, DOCA)