Skip to main content

မအူပင်မြို့ ဈေးကွက်အတွင်းတွင် Gano အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်စာ အမည်တူ တရားမဝင်ထုတ်ကုန် ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ဇွန်လ ၂၁ ရက်နေ့တွင် မအူပင်မြို့နယ်ဈေးကွက် အတွင်း တရားမဝင်ရောင်းချနေသော ကုန်ပစ္စည်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မအူပင်မြို့ဈေးကွက်အတွင်းရှိ ဆိုင်(၁၄)ဆိုင် တွင် ရောင်းချနေသော ကုန်စည်များတွင် Gno အမှတ်တံဆိပ်ဖြင့် ကော်ဖီ(3 In 1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစား အစာများကို တရားမဝင် တင်သွင်းကုန်စည်များရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင်တင်သွင်း ကုန်စည်များ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရသည်။

ဆက်လက်၍ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးမှ ရောင်းချနေသော ဆိုင်ရှင်များအား မလေးရှားနိုင်ငံ Gno Excel Industries SDN. BHD မှ အစားအသောက်လူသုံးကုန် ဖြည့်စွက်အစားအစာများကို တစ်ဦးတည်းကိုယ်ပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ပြီးတရားဝင် ရောင်းချလျှက်ကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အ သားများလည်းကိုက်ညီမှုရှိပါသော ကုန်အညွှန်းအမှတ်အသားပါဝင်ခြင်းရှိသည့် Gnoအမှတ်တံ ဆိပ်ကော်ဖီ (3In1) သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများကို လူသုံးကုန်၊ စားသောက် ကုန်စည်ကိုသာ ဦးစားပေးရောင်းချရန် ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားကာ လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)