Skip to main content

စားအုန်းဆီများ ပြည်သူ့လက်ဝယ်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်ပေး

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ အားသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူသူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ(၁၈)ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိဈေးများ၊ အိမ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းကြီးကြပ်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသည့် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် အသင်းဝင်များအား ခရိုင်ဦးစီးမှူးမှ မိမိတို့ဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊  ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဖွဲ့စည်းထားကြောင်း ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်ပြည့်မှီစေရေး စားသုံးသူပြည်သူများ ကျန်းမားရေးနှင့်ညီညွှတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ကား ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချသွားရန် အဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ စားသုံးဆီကုန်သည် အသင်းဝင်များမှ စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်ဆိုင်များ၊ ဈေးများတွင် စားအုန်းဆီ (၁)ပိဿာလျှင် ၅၉၀ဝိ/- ၆၀၀ဝိ/- ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် (၃)ပိဿာနှုန်းဖြင့် ရောင်းချနေမှုအား စားသုံးသူပြည်သူများ လက်ဝယ်မှန်ကန်စွာ ရောက်ရှိနိုင်ရေးအတွက် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြပါသည်။

DOCA(မကွေး)