မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေ ကြောင်း၊ ထိုသို့ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံ များမှ တစ်ပြိုင်တည်း အသီးများ ခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကိုအဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ် ဦး၏ ပြောပြချက်အရ သိရသည်။
မုံရွာမြို့နယ်၊ အက်တောကျေးရွာတွင် နဂါးမောက်စိုက်တောင်သူနည်းပါး၍ ကျောက်ပန်း တောင်း မြို့နယ်နှင့် ပုပ္ပားဒေသတစ်ဝိုက်မှထွက်ရှိတဲ့ နဂါးမောက်သီးများကို အဓိကထား ရောင်းချကြကြောင်း၊ ဈေးကွက်တွင် နဂါးမောက်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့် ဆုံးဈေး (၂၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၅၀၀)ကျပ် ဝန်းကျင်ရောင်းချရ ကြောင်း၊ တစ်နေ့လျှင် နဂါး မောက်သီး (၁၀၀)လုံးပါ ခြင်းတောင်း (၁၅)ခြင်းမှ (၂၀)ခြင်းအထိ မုံရွာမြို့သို့ ဝင်ရောက်လျှက်ရှိ ကြောင်း၊ နဂါးမောက်သီးကို မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ယင်းမာပင် စသည့်မြို့နယ် များမှ ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)