Skip to main content

ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘူးသွပ်ပုလင်းသွပ် ဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရန် လိုအပ်

နေ့စဉ်ကြော်လှော်ချက်ပြုတ်သော မီးဖိုချောင်အခြေခံစားသောက်ကုန်များထဲတွင် ဆီသည် မပါမဖြစ်သောကုန်စည်ဖြစ်သည့်အလျောက် ဈေးကွက်အတွင်း၌ ဆီအမျိုးမျိုးကို အလေးချိန်များ ချင်တွယ်၍လည်းကောင်း၊ ပုလင်း/ဘူးများတွင် သွပ်သွင်း၍လည်းကောင်း ပုံစံအမျိုးမျိုးဖြင့်ရောင်းချ ကြပါသည်။ ဈေးကွက်အတွင်းရောင်းချမှုအများဆုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီနှင့် စားအုန်းဆီများဖြစ်ပြီး  ဖွဲနုဆီ၊ ဝါစေ့ဆီ၊ ပြောင်းဆီနှင့် ပဲနှမ်းဆီများကိုလည်း ရောင်းချခြင်းများရှိပါသည်။ယင်းဆီများထဲတွင် စားအုန်းဆီသည် စားသောက်ဆိုင်များ၊ အကြော်ဆိုင်များတွင် အသုံးပြုမှုများပြားသောကြောင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။ 

ဈေးကွက်အတွင်း ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိရာ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်း ရွက်ဆီ ( Vegetable Oil , Cooking Oil ) ဟုသာ ဖော်ပြထားခြင်းများရှိသည်။ ယင်းဖော်ပြချက်သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များအရ ကုန်စည်တစ်ခုခု၏ အမျိုးအမည်မဟုတ်ပဲ ယေဘုယျဆန်သည့်အမျိုးအမည်သာဖြစ်သောကြောင့် စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ကုန်စည်အမျိုးအမည်နှင့် အသားတင်ပမာဏနှင့်အရွယ်အစား (မြန်မာ့အလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ ကျပ်သားဖြင့်)တို့အား  မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဟင်းသီ းဟင်းရွက်ဆီ (Vegetable Oil , Cooking Oil )များ၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များကိုလည်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ညွှန်ကြားချက်ထုတ်ပြန်သည့်နေ့မှ (၆)လ ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက် အာဏာသက်ရောက်သည့်နေ့မှစတင်၍ စားသုံးသူကာကွယ်ရေးဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

လက္ကားပင်ရင်းဒိုင်ကြီးများအနေဖြင့် ယင်းညွှန် ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ တစ်ဆင့်ပြန်လည်ဖြန့်ဖြူး ရောင်း ချသော ဆိုင်ငယ်များ၊ ရပ်ကွက်လက်လီဆိုင်များ အနေဖြင့်လည်း မိမိတို့ရောင်းချသော ကုန်စည် ၏ သတင်းအချက်အလက်များကိုသိရှိရန် လိုအပ်လှပေသည်။ သတင်းအချက်အလက်များကို မသိရှိခြင်းကြောင့် ညွှန်ကြားချက်နှင့်မညီသောကုန်စည်များကို ရောင်းဝယ် ဖောက်ကားမှုများပြု လုပ်မိပါက ကုန်စည်လက်ဝယ်တွင်ရှိသောသူများသာ နစ်နာဆုံးရှုံးရသည်ဖြစ်သောကြောင့် ကုန်စည် ရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်သော ကုန်အညွှန်းအမှတ် အသားဆိုင်ရာ သတင်းအချက်အလက်များကို သိရှိရန်နှင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးရေးသားဖော်ပြလိုက်ပါသည်။

DOCA(ရှမ်း)