Skip to main content

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၇ ရက်ည ၁၀ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာ တံတားတွင် ပါကွေ့ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာသို့ အားကျို့မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၂ နာရီ တွင် တာချီလိတ်မြို့နယ် စန်းလုကျေးရွာ ရော်ဘာခြံရှိ အားဆော်၏ နေအိမ်ကိုရှာဖွေရာ အားဆော်မှာ တိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ၀ ဒသမ ၆၈ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၀ ဒသမ ၉ ကီလိုနှင့် ကတ်တမင်း ၀ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၍ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိကြောင်း၊ ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်