နေပြည်တော် ဇွန် ၂၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားကွင်းနှင့် အားကစားရုံ များကိုလည်းကောင်း၊ သာယာဝတီမြို့ မိုးလုံလေလုံ အားကစားခန်းမနှင့် သာယာဝတီခရိုင် အားကစားကွင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လက်ပံတန်းမြို့နယ်အားကစားကွင်းကို ကြည့်ရှုစစ်ဆေးပြီး မိုးလုံလေလုံအားကစားခန်းမအတွင်း ကြမ်းခင်းများ အသစ်ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေးမှာကြားပြီး ဝန်ထမ်းများကို တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူငယ်နှင့်ပတ်သက်သည့် ဟောပြောပွဲများမှတစ်ဆင့် လူငယ်များ အားကစားကို စိတ်ပါဝင်စားလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းလှမြို့နယ်အားကစားကွင်း/ အားကစားရုံများနှင့် အုတ်ဖိုမြို့နယ် အားကစားကွင်းများကိုလည်းကောင်း၊ ကြို့ပင်ကောက်မြို့နယ်နှင့် ဇီးကုန်းမြို့နယ်ရှိ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ တို့ကိုလည်းကောင်း၊ နတ်တလင်းမြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်