Skip to main content

မုတ်သုံလျှပ်တစ်ပြက် Futsal အားကစားပြိုင်ပွဲနှင့် ဌာနပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲများ ကျင်းပ

နေပြည်တော်၊ ဇွန် ၂၈

ဝန်ကြီးဌာနရှိ နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ရေး၊ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုအပြင် ဝန်ထမ်းများ၏ စိတ်အပန်းပြေ ပျော်ရွှင်စေရေး၊ ဝန်ထမ်းတိုင်း မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့အတွက် ရာသီအလိုက် အားကစား ပြိုင်ပွဲများ ကျင်းပပေးနေခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဖူဆယ်(Futsal)အားကစားရုံ၌ ကျင်းပသည့် မုတ်သုံ လျှပ်တစ်ပြက်ဖူဆယ် (Futsal) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။

မုတ်သုံလျှပ်တစ်ပြက် ဖူဆယ် (Futsal) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းအမှုထမ်းများနှင့် ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း ဖူဆယ် (Futsal) အားကစားအသင်းများ တက်ရောက်ကြသည်။

အားကစားပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဦးစီးဌာနအလိုက် နိုင်ငံဝန်ထမ်း ဖူဆယ် (Futsal) အားကစားအသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးခဲ့ ကြသည်။

အလားတူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ က ဇေယျာသီရိမြို့နယ် အ.ထ.က (၁) အားကစားခန်းမတွင် ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဌာနပေါင်းစုံ အမျိုးသားဘော်လီဘော ပြိုင်ပွဲသို့ တက်ရောက်၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ဦးစီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်း ဘော်လီဘော အားကစားအသင်းများ၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်