Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန် - ပုသိမ်လမ်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းသစ်အိမ်ရာစီမံကိန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၂၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်- ပုသိမ် လမ်းတစ်လျှောက်(ပုသိမ်-ရန်ကုန်လမ်း အပိုင်း)ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းဆောင်ရွက်မှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် လမ်းမတော်မြို့နယ် (၁၁)ရပ်ကွက် ဘုန်းကြီးလမ်းနှင့် လမ်းသစ်ရိပ်သာလမ်း မြေတိုင်းရပ်ကွက်အမှတ်(၂၀ DY 3)၊ မြေကွက်အမှတ်(၃ A / ၂)ရှိ လမ်းသစ်ရိပ်သာအိမ်ရာ စခန်းရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရန်ကုန်မြို့ကို မြို့ပြအဆင့်အတန်းမြှင့်တင်ရန်အတွက် သက်တမ်းလွန် အိမ်ရာစခန်းများကို ပြန်လည်စည်ပင် ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူနေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးအတွက် ဆောင်ရွက်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မည့် နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်၊ ဆောင်ရွက်ရန်တို့ကို မှာကြားပြီး စီမံကိန်းလုပ်ငန်းခွင် နေရာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်