Skip to main content

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်

ပဲခူး ဇွန် ၂၇

နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခံခဲ့ရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများက နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ဒုတိယအဆင့်)နှင့် စီမံထူးချွန်(တတိယအဆင့်)၊ ရဲသူရဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်သူဘွဲ့ ရရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆုရရှိသူများ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကဏ္ဍတွင် ထူးချွန်စွာ ဆောင်ရွက်နိုင်ခဲ့သူများ၊ အားကစားထူးချွန်ဆုနှင့် စီမံထူးချွန်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဝဏ္ဏကျော်ထင်ဘွဲ့ရသူ တစ်ဦး၊ စီမံထူးချွန် နှစ်ဦး၊ ရဲသူရဘွဲ့ရသူ တစ်ဦး၊ ရဲဗလဘွဲ့ရသူ ၃၇ ဦး၊ ရဲကျော်သူဘွဲ့ရသူ နှစ်ဦး၊ စိုက်ပျိုးရေးကဏ္ဍတွင် သုံးဦးနှင့် မွေးမြူရေးကဏ္ဍတွင် နှစ်ဦး စုစုပေါင်း ၄၈ ဦးရရှိခဲ့ပြီး တိုင်းဒေသကြီးအဆင့်တွင် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူ ၁၁ ဦး၊ အားကစားကဏ္ဍထူးချွန်ဆု တစ်ဦးနှင့် စီမံရေးရာထူးချွန်ဆု သုံးဦး စုစုပေါင်း ၁၅ ဦးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်