နေပြည်တော် ဇွန် ၂၆
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ပျံလွန်တော်မူသွားကြသော ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများ၊ ကျဆုံးသွားကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ YMBA အသင်းအဆင့်ဆင့်မှ အမှုဆောင်များနှင့် အသင်းဝင်များ၊ စီမံအုပ်ချူပ်ရေးအဆင့်ဆင့်မှပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကို ရည်စူး၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)က ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အမျှအတန်းပေးဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ YMBA အသင်းရုံး၌ ပြုလုပ်ရာ အဂ္ဂမဟာကမ္မဌာနာ စရိယအောင်ဆန်းတောရ တပ်ဦးကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်များ ကြွရောက်တော်မူကြပြီး YMBA အသင်းဥက္ကဋ္ဌ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက အောင်ဆန်းတောရ တပ်ဦးကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် YMBA အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီး YMBA အသင်း၏ သြဝါဒါ စရိယဆရာတော်အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်